“လက်ရှိအသုံးပြုနေတဲ့ 𝗣𝗢𝗦 𝘀𝘆𝘀𝘁𝗲𝗺 က မိမိလုပ်ငန်းနဲ့ကိုက်ညီမှုရှိရဲ့လား?”
Point-of-Sale (POS) စနစ်ဆိုတာ အရောင်းအဝယ်မှတ်တမ်းတင်ဖို့ သက်သက်မဟုတ်တော့ပါဘူး။ လုပ်ငန်းတစ်ခုလုံးရဲ့ အရောင်းပိုင်း (𝗦𝗮𝗹𝗲𝘀)၊ ကုန်ပစ္စည်းစီမံခန့်ခွဲမှု (𝗜𝗻𝘃𝗲𝗻𝘁𝗼𝗿𝘆 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁) ကနေ ဝန်ထမ်းရေးရာ (𝗘𝗺𝗽𝗹𝗼𝘆𝗲𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁) အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို ချောမွေ့တိကျစွာ လည်ပတ်နိုင်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ နည်းပညာလုပ်ဖော်ကိုင်ဖက် (Tech Partner) တစ်ခုဖြစ်လာပါပြီ။ ဒါပေမဲ့ သင်လက်ရှိအသုံးပြုနေတဲ့ POS စနစ်ကရော သင့်လုပ်ငန်းရဲ့ လက်ရှိလိုအပ်ချက်တွေ၊ အနာဂတ်ရည်မှန်းချက်တွေနဲ့ တစ်သားတည်းကျနေသေးရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ အရေးကြီးပါတယ်။ အောက်ကအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါ။ ၁။ လုပ်ငန်း၏ အဓိကလိုအပ်ချက်နှင့် ကိုက်ညီမှု…
