“Thermal Paper လေးတွေကို ဘယ်လိုထိန်းသိမ်းကြမလဲ”

ကောင်းမွန်ပြည့်စုံတဲ့ POS system တစ်ခုမှာ software နဲ့ hardware ပိုင်း အချိုးညီညီပေါင်းစပ်ဖို့လိုသလို အရည်သွေးပြည့်မှီတဲ့ thermal paper တွေကလည်း မရှိမဖြစ်ပါ။ Thermal paper ဆိုတာက အပူကို အသုံးပြုပြီး မင်ထင်စေတဲ့ စာရွက်လေးတွေပဲ ဖြစ်ပါတယ်။

ဒီလိုစာရွက်လေးတွေကိုတော့ POS system နဲ့ ဆက်နွယ်တဲ့ Shopping Centre၊ Bar & Restaurant တွေကနေ delivery လုပ်ငန်းတွေနဲ့ mini mart တွေရဲ့ cash counter တွေမှာ နေ့စဥ်နဲ့အမျှ အသုံးပြုနေကြပါတယ်။

ဒီလိုမျိုး နေ့စဥ်အသုံးပြုနေရတဲ့ Thermal receipt paper တွေကို ပစ္စည်းပျက်သွားတာမျိုး မဖြစ်ရအောင် လုပ်ငန်းအများစုက အရေအတွက် အများအပြားကို ကြိုတင်ဝယ်ယူစုဆောင်းထားလေ့ရှိတတ်ပါတယ်။ ဒီလို အလေ့အထက သင့်တော်တယ်ဆိုပေမဲ့ စနစ်တကျသိမ်းဆည်းထားတာမျိုး မရှိဘူးဆိုရင် မင်မထင်တော့တာကနေစပြီး paper ရဲ့ အရည်အသွေးကျသွားပြီး ပျက်စီးနိုင်ပါတယ်။

Paper ပျက်စီးမှုတွေအကြောင်း ပြောရရင် အပူကြောင့် chemical coating(Heat-sensitive layer) ပျက်စီးမှု၊ နေရောင်ခြည် တိုက်ရိုက်ထိမှု နဲ့ ထားသိုတဲ့နေရာနဲ့ စိုထိုင်းမှုတို့ကြောင့် အများဆုံးဖြစ်နိုင်ပါတယ်။ ဒီလိုထိခိုက်မှုကြောင့် Paper ပျက်စီးကျိုးကြေနိုင်ပြီး မင်မထင်‌တော့တာကနေ စာလုံးတွေ ညစ်မဲတာမျိုး ကြုံလာရနိုင်ပါတယ်။

ဒီလိုမျိုးတွေ မကြုံရအောင် ဘယ်လိုထိန်းသိမ်းသင့်လဲဆိုရင်…
Thermal receipt paper တွေကို နေရောင်နဲ့တိုက်ရိုက်ထိတွေနိုင်တဲ့နေရာ၊ အပူချိန်များလွန်းတဲ့နေရာနဲ့ စိုထိုင်းစများလွန်းတဲ့နေရာတွေနဲ့ အဝေးဆုံးမှာထားရမှာပဲဖြစ်ပါတယ်။
အေးပြီးခြောက်သွေ့တဲ့နေရာမှာထားခြင်းကလည်း Quality ကျမသွားစေမဲ့ အကောင်းဆုံး သိမ်းဆည်းနည်းပဲဖြစ်ပါတယ်။
Thermal receipt paper တွေကို box နဲ့ သေချာသိမ်းထားရင်လည်း အပေါ်ကနေ Heavy load တွေ ထပ်မတင်မိဖို့ သတိထားရမှာပါ။

နောက်ဆုံးအနေနဲ့ဆို Thermal Paper တွေကို ၆လမကျော်စေဘဲ အသုံးပြုတာက အသင့်တော်ဆုံးဖြစ်ပါတယ် ။ ဒီလိုအချက်လေးတွေကို သတိပြုပြီး စနစ်တကျသိမ်းဆည်း အသုံးပြုမယ်ဆိုရင်တော့ အကောင်းဆုံး အရည်အသွေးကို ရရှိစေနိုင်မှာမို့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေအတွက် ဆုံးရှုံးနစ်နာမှုတွေ မဖြစ်စေဘဲ အကောင်းဆုံး အရည်အသွေးကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Verified by MonsterInsights