အိမ်နဲ့ရုံးလုပ်ငန်းတွေမှာ CCTV တပ်ဆင်တော့မယ်ဆိုရင် သတိထားရမဲ့ အရေးကြီးအချက်တွေကို သိထားဖို့လိုအပ်ပါတယ်။ ဒါမှလည်း သက်ဆိုင်ရာ service အပ်တဲ့အခါ ကိုယ့်လိုအပ်ချက်အတိုင်း ထိထိရောက်ရောက် ရယူနိုင်မှာပါ။ ဒီတော့ CCTV စနစ်တစ်ခု တပ်ဆင်မယ်ဆို ဘယ်အချက်တွေက အရေးကြီးလဲ ၊ ဘယ်အချက်တွေကို သတိထားသင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) လိုအပ်ချက်တွေအတိုင်း အတိအကျသတ်မှတ်ပါ
အိမ်သုံးအတွက်လား ၊ လုပ်ငန်းမှာလား စတဲ့ ကိုယ့်လိုအပ်ချက်ကို အရင်သတ်မှတ်ပါ။ CCTV စနစ်တွေက သုံးမဲ့ပေါ်မူတည်ပြီး ကွဲပြားတဲ့ လုပ်ဆောင်ရည်တွေရှိတဲ့အတွက် ကိုက်ညီမှုအရှိဆုံး service plan ကို ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အိမ်သုံးဆိုရင် အိမ်အပြင်/အတွင်းလုံခြုံရေးနဲ့ ကလေး/အိမ်မွေးတိရစ္ဆာန်လေးတွေ စောင့်ကြည့်ဖို့လား၊ ရုံးလုပ်ငန်းပိုင်းအတွက်ဆို ဝန်ထမ်းပိုင်း စီမံခန့်ခွဲမှု နဲ့ မမျှော်လင့်နိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့ စတာတွေကိုလည်း ထည့်သွင်းစဥ်းစားဖို့လိုပါမယ်။
(၂) နေရာအတည်တကျနဲ့ မြင်ကွင်း ရှင်းနေပါစေ
အိမ်လုံခြုံရေးအတွက်ဆိုရင် ခြံဝန်းအတွင်းအပြင်၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ လျှောက်လမ်းတွေ၊ နောက်ဖေးတံခါး၊ ကားဂိုဒေါင် စတဲ့နေရာတွေအတွက် တပ်ဆင်မဲ့ angle တွေ အတည်တကျ ရှိနေဖို့ လိုအပ်ပါတယ်။ ရုံးလုပ်ငန်းတွေအတွက်ဆိုလည်း ဝင်ပေါက်/ထွက်ပေါက်၊ Reception၊ Cashier Counter၊ Working Area နဲ့ အရေးကြီးစာရွက်စာတမ်းတွေ၊ ငွေကြေးတွေ သိမ်းဆည်းရာနေရာတွေအတွက် စနစ်တကျ ရှင်းရှင်းလင်းလင်း ရှိနေဖို့ လိုအပ်ပါတယ်။
(၃) တပ်ဆင်မဲ့ camera အရည်အသွေးပိုင်း သေချာရွေးချယ်ပါ
CCTV camera တပ်ဆင်တဲ့အခါ ကိုယ်သုံးမဲ့ ချန်နယ်တွေအပြင် ကင်မရာ တစ်လုံးဆီက ရုပ်ထွက်ပိုင်း ဂရုပြုဖို့လိုပါတယ်။ အခြေခံအနေနဲ့ 720p HD Resolution နဲ့ 1080p (Full HD) လောက် ရှိထားသင့်ပြီး လုံးဝ အသေးစိတ်မြင်ချင်ရင် 4K လောက်ထိ သုံးနိုင်ပါတယ် ( ဈေးအရ အသုံးနည်း) ။ Outdoor အတွက်ဆို Weatherproof ဖြစ်မဲ့ Bullet Camera ၊ Indoor အတွက်ဆို Dome Camera နဲ့ PTZ Camera ဆိုပြီးလည်း ရွေးချယ်နိုင်ပါသေးတယ်။
(၄) တပ်ဆင်မှုစနစ်ကို စဥ်းစားသုံးစွဲပါ
Wired နဲ့ Wireless ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Wired စနစ်မှာဆို analog နဲ့ IP ဆိုပြီး နှစ်မျိုးထပ်ကွဲပါသေးတယ်။ analog ကတော့ ခေတ်ဟောင်းစနစ်တစ်ခုဖြစ်ပြီး ဈေးချိုသာပေမဲ့ ရုပ်ထွက်ပိုင်းနဲ့ တခြားအရာတွေမှာ IP စနစ်ကို မမှီနိုင်ပါဘူး။ Wireless (Wi-Fi) စနစ်ကတော့ တပ်ဆင်ရလွယ်တယ်ဆိုပေမဲ့ signal ကောင်းနေဖို့ အရေးကြီးပါတယ်။ Record တွေကို သိမ်းဆည်းရာမှာလည်း Cloud Storage(Google drive/iCloud) နဲ့ SD Card/HDD တို့ကို အသုံးပြုတဲ့ Local Storage (DVR/NVR) ဆိုပြီး သင့်တော်ရာ သုံးနိုင်ပါတယ်။
(၅) မိမိဘတ်ဂျက်နဲ့ ချိန်ညှိပါ
ကိုယ်သုံးမဲ့ ဘတ်ဂျက်အပေါ်မူတည်ပြီး အခြေခံအားဖြင့် ကင်မရာ ၂/၄ လုံးပါ DVR စနစ်ကနေ 4K, Cloud, AI Features တွေထိ သုံးနိုင်မဲ့ High End တွေထိကို စိစပ်ရွေးချယ်သင့်ပါတယ်။ဒါတွေအပြင် အရေးကြီး Features တွေဖြစ်တဲ့ Storage ချွေတာလို့ရနိုင်တဲ့ Motion Detection၊ မိုက်ခရိုဖုန်းနဲ့စပီကာ တို့ကတစ်ဆင့် အပြန်အလှန်စကားပြောနိုင်တဲ့ Two-Way Audio၊ IP66/IP67 Rating၊ Night Vision၊ Infrared (IR) နဲ့ 90°–180° ကြည့်နိုင်တဲ့ Wide Angle Lens စတာတွေကိုလည်း အသေးစိပ် ရွေးချယ်လို့ရပါဦးမယ်။
အခြားသိထားသင့်တာတွေအနေနဲ့ Phone/PC နဲ့ ကြည့်လို့ရမယ့် App (ဥပမာ: Hikvision, Dahua, TP-Link Tapo) တို့လို Remote Access နဲ့ အားကောင်းတဲ့ Password စတဲ့ လုံခြုံရေးနဲ့ သက်ဆိုင်သောအချက်တွေကို အထူးဂရုပြုသင့်ပါတယ်။ တပ်ဆင်ပြီးခါမှ ကြိုးတွေ၊ Network ပြဿနာတွေကြောင့် စိတ်မရှုပ်ရအောင် Professional Installation Service Team ကိုလည်း သေချာစုံစမ်းရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။
အခုဖော်ပြထားတဲ့အချက်တွေကတော့ CCTV စနစ်တစ်ခု တပ်ဆင်မယ်ဆို ဘယ်အချက်တွေက အရေးကြီးဆုံးလဲ၊ ဘာတွေကို မဖြစ်မနေ ထည့်သွင်းစဥ်းစားရမလဲဆိုတာတွေကို ထုတ်နှုတ်ပြထားတာပါ။ ဒီအချက်တွေအပေါ်မှီပြီး စဥ်းစားတပ်ဆင်မယ်ဆို အထောက်အကူကောင်း ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။