“𝐏𝐎𝐒 𝐬𝐲𝐬𝐭𝐞𝐦 သုံးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ”

အပြိုင်အဆိုင် တိုးတက်နေတဲ့ IT ခေတ်ကြီးမှာ Point Of Sale (POS) system ကို သုံးနေရဲ့လား…? လက်တွေ့အသုံးတည့်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် အမှန်တကယ် ထိရောက်စေတာမို့ သုံးကိုသုံးကြည့်ဖို့ လိုပြီနော်။ ဆိုတော့ ဒီနေ့မှာ 𝐏𝐎𝐒 𝐬𝐲𝐬𝐭𝐞𝐦 သုံးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ ဆိုတာကို အလွယ်ကူဆုံး ရှင်းပြပေးချင်ပါတယ်ရှင့် ။

𝟏. အကောင်းဆုံး 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐬𝐞𝐫𝐯𝐢𝐜𝐞

Customer အနေနဲ့ Cash၊ Mobile၊ Card နဲ့ QR စတဲ့ ဘယ်လို Payment နဲ့ပဲဖြစ်ဖြစ် အမြန်ဆုံး
ငွေရှင်းနိုင်မှာဖြစ်ပါတယ်။ တိကျတဲ့ receipt ထုတ်ပေးနိုင်တာမျိုး နဲ့ Discount & Promotions ၊ Gift နဲ့ Cash back တို့ကိုပါ တစ်ခါတည်း ထည့်သွင်းပေးထားနိုင်လို့ မိတ်ဟောင်း ၊ မိတ်သစ်တွေကြား ရင်းနှီးမှု ၊ ယုံကြည်မှုတွေ ပိုမိုတိုးပွါးစေနိုင်ပါတယ်။

 

𝟐. 𝐒𝐚𝐥𝐞 𝐫𝐞𝐩𝐨𝐫𝐭𝐬 တွေကိုအလွယ်တကူစစ်ဆေးနိုင်မှု

ကိုယ့်လုပ်ငန်းတွေရဲ့ Daily, Weekly, Monthly Sales Report ကို တိတိကျကျ ထုတ်ပေးနိုင်တယ်။ Category အလိုက် ပစ္စည်းတွေရဲ့ ရောင်းအား အနည်းအများကအစ ခွဲခြားသိရှိနိုင်တော့ လုပ်ငန်းအတွက် အထောက်အကူဖြစ်စေတယ်။

 

𝟑. 𝐈𝐧𝐯𝐞𝐧𝐭𝐨𝐫𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 တိကျစေမှု

Stock တွေ လိုနေသလား၊ ပိုနေသလား ဆိုတဲ့ စာရင်းကို စနစ်တကျသိနိုင်ပါတယ်။ ဒါကြောင့် အလေအလွင့် မရှိတော့ဘဲ Barcode Scanner လေးနဲ့တင် Stock တွေကို လွယ်လွယ်ကူကူ စစ်ဆေးနိုင်ပါတယ်။

 

𝟒. ပိုကောင်းမွန်တဲ့ 𝐄𝐦𝐩𝐥𝐨𝐲𝐞𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭

ဝန်ထမ်းတွေရဲ့ Performance Report တွေထုတ်နိုင်မယ်၊ Clock-in & Clock-out စနစ် ပါဝင်လို့ ဝန်ထမ်းအလုပ်ချိန်တွေကို စစ်ဆေးသတ်မှတ်နိုင်မယ် ၊ ရာထူးတာဝန်အလိုက် Role-based Access Control သတ်မှတ်ထားနိုင်လို့ User Login Tracking Log၊ Cash Handling Error & Employee Theft စတာတွေကို ထိန်းချုပ်ကာကွယ်နိုင်ပါလိမ့်မယ်။

 

𝟓. လုပ်ငန်းအမျိုးအစား အပေါ်မူတည်တဲ့ 𝐅𝐥𝐞𝐱𝐢𝐛𝐥𝐞 𝐬𝐲𝐬𝐭𝐞𝐦

စီးပွားရေးလုပ်ငန်းကြီးတွေကနေ၊ တနိုင်တပိုင် အသေးစားလုပ်ငန်းငယ်လေးထိ ကိုက်ညီမဲ့ POS system ကို Hardware ပိုင်းဆိုင်ရာ device တွေ၊ Software ပိုင်းတွေကအစ ရွေးချယ်အသုံးပြုနိုင်တယ်။ Centralized Sales & Stock Management အနေနဲ့လည်း အသုံးပြုနိုင်လို့ လုပ်ငန်းလက်ခွဲတွေ အများကြီးရှိရင်လည်း စိတ်ပူစရာ မလိုတော့ပါဘူး။

 

အခုဖော်ပြပေးသွားတာတွေကတော့ 𝐏𝐎𝐒 𝐬𝐲𝐬𝐭𝐞𝐦  ကိုအသုံးပြုရင် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်ရှင့် ။ Sales report, Employee report တွေအတွက် စိတ်ချရသလို လူပင်ပန်းသက်သာပြီး customer တွေဆီကစိတ်ကျေနပ်မှုတွေ ပိုရရှိနိုင်မယ်၊ လုပ်ငန်းတိုးတက်ဖို့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေလည်း ချမှတ်လာနိုင်ဖို့ဆို POS System ကို အသုံးပြုလိုက်တော့နော်…

Leave a Reply

Your email address will not be published. Required fields are marked *

Verified by MonsterInsights