“POS System သုံးဖို့ ဘာတွေလိုအပ်လဲ?”

POS (Point of Sale) system ဆိုတာက စီးပွားရေးလုပ်ငန်းတွေအတွက် အရောင်းစာရင်းမှတ်တမ်းစစ်ဆေးခြင်း၊ stock ထိန်းသိမ်းခြင်းနဲ့ customer တွေအလွယ်ကူဆုံးငွေပေးချေနိုင်ခြင်း စတဲ့အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနိုင်တဲ့ စနစ်တစ်ခုပါ။ ဒီလိုမျိုး အကျိုးရှိပြီး လုပ်ငန်းအတွက် အထောက်အကူပြုတာကြောင့် POS system ကို အသုံးများလာကြပါပြီ။

ဒီနေ့မှာတော့ POS System သုံးဖို့ ဘာတွေလိုအပ်လဲ ၊ ဘယ်အရာတွေပါဝင်လဲဆိုတာ ပြောပြပေးချင်ပါတယ်ရှင့်

1. POS Hardware

POS system တစ်ခု အသုံးပြုနိုင်ဖို့ဆိုရင် လုပ်ငန်းလိုအပ်ချက်ပေါ် မူတည်ပြီး အခြေခံအားဖြင့် ဒီလို device တွေ လိုအပ်မှာဖြစ်ပါတယ်။
POS Terminal : (Touch Screen Monitor/ Tablet/ Laptop တွေကို အသုံးပြုနိုင်မယ်)
Scanner : (Barcode နဲ့ QR code တွေ scan ဖတ်နိုင်မယ်)
Receipt Printer : (ငွေလက်ခံပြေစာထုတ်ပေးနိုင်မယ်)
Cash Drawer : (ငွေသားတွေ၊ အကြွေတွေကို စနစ်တကျသိမ်းဆည်းနိုင်မယ်)
Customer Display Screen : (ငွေပေးချေမှုအသေးစိတ်များကို ပြသပေးနိုင်မယ်)

2. POS Software

လိုအပ်တဲ့ device တွေရပြီဆိုရင်တော့ Software ပိုင်းကို ထည့်သွင်းလို့ရပါပြီ။
POS software ကိုအသုံးပြုလိုက်တာနဲ့ ကိုယ့်လုပ်ငန်းရဲ့ နေ့စဥ်ရောင်းအား၊ လချုပ်၊ နှစ်ချုပ်စာရင်းတွေ၊ Stock ပိုင်းစာရင်းတွေ၊ ဝန်ထမ်းပိုင်းဆိုင်ရာမှတ်တမ်းတွေနဲ့ Regular customers တွေကို မှတ်သားထားခြင်း တွေ ပြုလုပ်နိုင်ပါတယ်။
ကိုယ့်ရဲ့ဆိုင်အတွက် server တစ်ခုပြုလုပ်ပြီး အသုံးပြုနိုင်ဖို့ဆို Window-based ကိုရွေးချယ်နိုင်ပြီး ဆိုင်ခွဲအများကြီးကို internet ရှိရုံနဲ့တင် ဘယ်နေရာကမဆို စီမံခန့်ခွဲနိုင်ဖို့အတွက် Cloud-based ကို ရွေးချယ်နိုင်ပါတယ်။

3. Internet Network Connection

Cloud-based POS system အဆင့်ဆင့် data တွေကို sync လုပ်နိုင်ဖို့ internet connection, routers, Wi-Fi equipment လိုအပ်တယ်။

4. Power Supply

POS hardware တွေကို အမြဲတမ်း လည်ပတ်သုံးစွဲနိုင်စေဖို့ Uninterruptible Power Supply (UPS) နဲ့ တွဲဖက်အသုံးပြုဖို့ လိုအပ်ပါတယ်။

5. Data Backup and Security

POS system မှာ Customer & Business Data များပါဝင်သောကြောင့်
User Access Control – ဝန်ထမ်းအသီးသီးအတွက် သက်ဆိုင်ရာ function များ သတ်မှတ်ခြင်း
Cloud Backup – Data များ အမြဲတမ်းသိမ်းဆည်းထားနိုင်ရန် Cloud Backup System
Data Encryption – Customer information များလုံခြုံစွာထားရှိနိုင်ရန် Security System
အစရှိတာတွေ အားလုံးကို ခိုင်မာစွာ ထားရှိဖို့လည်း လိုအပ်ပါတယ်။

Tech Box မှာဆိုရင် POS system အသုံးပြုနိုင်ဖို့အတွက်
Set up & Training စီစဥ်ပေးခြင်း
လုပ်ငန်းလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမဲ့ service plan အမျိုးမျိုး
မမျှော်လင့်နိုင်တဲ့ error တွေအတွက် အကောင်းဆုံးဖြေရှင်းပေးမဲ့ IT support team တို့ အဆင့်သင့် စနစ်တကျရှိနေပါပြီ။
ဒီတော့ အကောင်းဆုံး POS system အသုံးပြုဖို့ဆို Tech Box ရဲ့ POS full set up service ကို ရယူပြီး လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်နိုင်ပါပြီရှင့်

Leave a Reply

Your email address will not be published. Required fields are marked *

Verified by MonsterInsights