“POS system” ဆိုတာဘာလဲ?

POS system လို့ပြောလိုက်ရင် တော်တော်များများက ဘာကိုပြောမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ ဒါပေမဲ့ POS system နဲ့ အမြဲလိုလိုထိတွေ့နေပြီးသားဆို ယုံမလား…

ဟုတ်ပါတယ် ၊ Point Of Sale (POS) system ဆိုတာ လူကြီးမင်းတို့နဲ့လုံးဝမစိမ်းပါဘူးရှင့်။ Supermarket ၊ Convenience Store၊ Pharmacy store၊ Clinic၊ Bar & Restaurant ၊ KTV၊ Beauty Saloon၊ Spa နဲ့ Wholesale Retail Shop အမျိုးမျိုးတို့မှာ ငွေရှင်းတဲ့အခါ ကျသင့်ငွေအတွက် ငွေပြေစာ Print ထုတ်ပေးလိုက်တာမျိုးက POS system နဲ့ပါပဲ။

POS system ကို ဘာလို့ အသုံးများလာကြတာလဲ?

ယခင်စီးပွားရေးလုပ်ငန်းတွေမှာ လက်ရေးဘောင်ချာကြီး နဲ့ စာရင်းတွေမှတ်ကြပါတယ်။ ဒီရှေးရိုးနည်းလမ်းကြီးက အချိန်ကုန်၊ လူပင်ပန်းဖြစ်စေတာကြောင့် အခုလို တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးမှာ သူ့ထက်ငါ အပြိုင်ရှေ့ရောက်နေဖို့အတွက် တကယ်အကျိုးရှိပြီးထိရောက်တဲ့ POS system ကို စီးပွားရေးလုပ်ငန်းကြီးတွေကနေ၊ တနိုင်တပိုင် အသေးစားလုပ်ငန်းငယ်လေးထိ တွင်တွင်ကျယ်ကျယ် အသုံးများလာကြတာပါ။

POS system က ဘာတွေလုပ်ပေးနိုင်လဲ?

POS system ကြောင့် အရောင်းဆိုင်ရဲ့ Stock တွေ လိုနေသလား၊ ပိုနေသလားကို အတိအကျသိနိုင်ပါတယ်။ ဒီလိုတွက်ချက်ပေးနိုင်မှုကြောင့် Stock ပိုင်းမှာ အလေအလွင့် မရှိတော့ဘဲ Inventory Management ပိုင်းကို အထောက်အကူဖြစ်စေပါတယ်။ အရောင်းစာရင်းတွေဆိုရင်လည်း နေ့စဥ်အရောင်းစာရင်းအပြင် လချုပ်၊ နှစ်ချုပ်စာရင်းတွေကိုပါ အမြန်ဆန်ဆုံး ပြန်ကြည့်နိုင်တယ်။ ကိုယ့်ဆိုင်ရဲ့ အရောင်းစာရင်း၊ အရောင်းရဆုံးပစ္စည်းစာရင်း၊ နဲ့ အခြားသောလုပ်ငန်းအချက်အလက်တွေကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာ ကြည့်ရှုနိုင်ဦးမယ်။Customer ကို ဝန်ဆောင်မှုပေးတဲ့ အချိန်မှာလည်း စျေးနှန်းပြောပြပေးတာ၊ ငွေရှင်းတာတွေကို အမြန်ဆုံးဆောင်ရွက်ပေးနိုင်သလို discount ၊ gift နဲ့ cash back စတာတွေကိုပါ ထည့်သွင်းလုပ်ဆောင်နိုင်ပါသေးတယ်။

POS system ကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်မလဲ?

ဒီလိုမျိုး သုံးရလွယ်ကူပြီး အသုံးဝင်လွန်းတဲ့ POS system ကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ဆိုင်ရဲ့ stock အချက်အလက်တွေ၊ ပိုပြီးစနစ်တကျထိန်းသိမ်းနိုင်မယ်။လချုပ်၊ နှစ်ချုပ်စာရင်းတွေကို အတိအကျ တွက်ချက်ပေးနိုင်လို့ လုပ်ငန်းပိုင်းမှာ ပိုပြီးတိုးတက်စေနိုင်တယ်။ Customer ကို အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနိုင်ပြီမို့ မိတ်ဟောင်း ၊ မိတ်သစ်တွေကြား ရင်းနှီးမှု၊ ယုံကြည်မှုတွေ ပိုမိုတိုးပွါးစေပါတယ်။

တခြားသော အားသာချက်တွေအနေနဲ့ ကိုယ်က အလုပ်များလို့ ကိုယ်တိုင် ဆိုင်မထိုင်ဖြစ်တာမျိုးဆိုရင် ဆိုင်ခွဲအသီးသီးတွေမှာ POS software အသုံးပြုပြီး ဘယ်အချိန်၊ ဘယ်နေရာကဖြစ်ဖြစ် ဖုန်း/ကွန်ပြူတာကနေ အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။ ဒါ့ကြောင့် Sales report, Employee report တွေအတွက် စိတ်ပူစရာမလိုတော့လို့ လုပ်ငန်းတိုးတက်ဖို့ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်မှာ အသေချာပဲပေါ့ရှင် ။ဒါ့ကြောင့် လုပ်ငန်းရှင်တွေအတွက် အချိန်ကုန် ငွေကုန် ၊ လူပင်ပန်းသက်သာမဲ့အပြင် customer ဆီကစိတ်ကျေနပ်မှုတွေ ပိုရရှိ စေနိုင်မဲ့ POS System ကို စတင်အသုံးပြုကြဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Verified by MonsterInsights