စီးပွားရေးလုပ်ငန်းတိုင်းအတွက် မရှိမဖြစ် အရေးကြီးတဲ့ထဲမှာ 𝐂𝐂𝐓𝐕 လည်းပါဝင်ပါတယ်။ လုပ်ငန်းခွင်အတွင်း ပြဿနာတစ်စုံတခုတက်တာမျိုး၊ အငြင်းပွားဖွယ်ရာကိစ္စတွေနဲ့ မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှုတွေ ရှိလာတဲ့အခါ 𝐂𝐂𝐓𝐕 မှတ်တမ်းတွေက အခရာကျကျ ဖြေရှင်းပေးနိုင်ပါတယ်။
အခုလို တိုးတက်နေတဲ့ IT ခေတ်ကြီးထဲမှာ ဘယ်ကိစ္စဖြစ်ဖြစ် “ဝေဒနာနဲ့မရှင်းဘဲ၊ ဒေတာနဲ့ရှင်း” နေကြရတာမို့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတိုင်းမှာ 𝐂𝐂𝐓𝐕 𝐬𝐲𝐬𝐭𝐞𝐦 ကောင်းတစ်ခုရှိကိုရှိနေဖို့ လိုပါတယ်။ ဒီလိုရှိပြီးနေရင်တောင်မှ တပ်ဆင်ထားတဲ့ 𝐝𝐞𝐯𝐢𝐜𝐞 ရဲ့ အရည်အသွေး၊ 𝐡𝐚𝐫𝐝𝐰𝐚𝐫𝐞 အမျိုးအစားပေါ် မူတည်ပြီး အချိန်ကြာလာတာနဲ့အမျှ အနည်းနဲ့အများ error လေးတွေ ရှိလာနိုင်ပါတယ်။
ဒါကြောင့် CCTV service ရယူတဲ့အခါ အပြီးအစီး တပ်ဆင်ပေးရုံနဲ့ မပြီးဘဲ CCTV နဲ့ ပတ်သတ်တဲ့ error မှန်သမျှကို ဆွေးနွေးပေးတာ၊ လိုအပ်ချက်အတိုင်း စစ်ဆေးပြုပြင်ပေးတာမျိုး စတာတွေမှာ ဘယ်လောက်ထိ မြန်ဆန်တိကျမှုရှိမလဲဆိုတာကို သတိချပ်ဖို့ လိုပါလိမ့်မယ်။
CCTV တွေမှာ အဖြစ်များတတ်တဲ့ error တွေကို ကြည့်ရရင်
𝐍𝐞𝐭𝐰𝐨𝐫𝐤 ကြိုး ပျက်စီးခြင်း
တပ်ဆင်ထားတဲ့အရေအတွက်တိုင်း 𝐯𝐢𝐞𝐰 𝐜𝐡𝐚𝐧𝐧𝐞𝐥 မပေါ်ခြင်း
𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း
𝐌𝐨𝐧𝐢𝐭𝐨𝐫 𝐧𝐨 𝐬𝐢𝐠𝐧𝐚𝐥 ပြခြင်း နှင့်
𝐎𝐮𝐭𝐝𝐨𝐨𝐫 𝐜𝐚𝐦𝐞𝐫𝐚 ပိုင်းတွေမှာ ရာသီဥတုဒဏ်ကြောင့် 𝐩𝐨𝐰𝐞𝐫 မလာခြင်း
အစရှိတဲ့ error တွေအပေါ်ကို service provider ဘက်က သေချာ support လုပ်ပေးတာမျိုး ရှိနေဖို့ လိုအပ်ပါတယ်။ ဒါတွေအပြင် တပ်ဆင်ပြီးသား CCTV တွေကို လုပ်ငန်းလိုအပ်ချက်အရ 𝐯𝐢𝐞𝐰 𝐩𝐨𝐢𝐧𝐭 ရွှေချင်တာ၊ တိုးချင်တာမျိုးနဲနဲ့ ပုံမှန် 𝐦𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 𝐬𝐞𝐫𝐯𝐢𝐜𝐞 ယူထားတယ်ဆိုရင်လည်း 𝐎𝐧𝐥𝐢𝐧𝐞 ကနေလည်း လိုအပ်တဲ့ 𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧 ထုတ်ပေးဦးတာမျိုး၊ error ပေါ် မူတည်ပြီး 𝐨𝐧-𝐬𝐢𝐭𝐞 စစ်ဆေးမှုတွေထိ ဆောင်ရွက်ပေးတာမျိုး လုပ်ပေးဖို့နေဖို့ အရေးကြီးပါတယ်။
ဒါတွေကတော့ သင်တို့ရဲ့ လုပ်ငန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ CCTV error တွေနဲ့ ဒီ error တွေကို အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းပေးမဲ့ service provider တွေကို ရွေးချယ်သင့်တဲ့အကြောင်းလေးတွေကို တင်ဆက်ပေးတာပဲ ဖြစ်ပါတယ်။