Tech Box Principles

 

Tech Box မှာဝင်ရောက်အလုပ်လုပ်ကိုင်မယ့် Professional များအနေနဲ့ မိမိသက်ဆိုင်ရာ Professional နှင့်သက်ဆိုင်သောမေးခွန်များကိုသက်ဆိုင်ရာ လူကြီးများမှ မေးမြန်းသွားမည့်အပြင် Tech Box Principles လို့ခေါ်သော အမူအကျင့်ပိုင်းဆိုင်ရာ မေးခွန်းများကိုလည်းမေးသွားမည်ဖြစ်ပါသည်။

( The Fluxer – Fluxers ဆိုတာကတော့ လုပ်ငန်းခွင်မှာထူးချွန်ထက်မြတ်ပြီး အောက်ဖော်ပြပါ Tech Box Principles 14 ချက်နှင့်ကိုက်ညီမှုရှိတဲ့ ထူးချွန်ဝန်ထမ်းများကို Fluxers လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်)

Customer-centricity

Customer-centricity ဆိုတာကတော့ ဝယ်ယူသူကိုဗဟိုပြုပြီး Relationship တစ်ခုကို Build လုပ်တာပဲဖြစ်ပါတယ်။ ထူးချွှန်ထက်မြတ်တဲ့ Fluxer တစ်ယောက် (သို့) ရောင်းသူတစ်ယောက်ဟာ Customer တွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ Customer တစ်ယောက်ရဲ့ View ကနေပြောဆိုဆက်ဆံလေ့ရှိပြီး ကမ္ဘာကြီးကိုတောင် Customer တစ်ယောက်လိုကြည့်ရှု့လေ့ရှိပါတယ်။ သူတို့ဟာ Customer တွေဆီကနေ ယုံကြည်စိတ်ချမှုရရှိအောင် ကတိ၊ ဝတ်တရားတွေနဲ့အတူတည်ဆောက်လေ့ရှိပါတယ်။ဒါ့အပြင် Competitor တွေနဲ့ပြိုင်ဆိုင်လာရတဲ့အခါမှာလည်း Customer တွေဆီကနေCompetitor တွေထက် Attention ပိုမိုရရှိအောင် ဆွဲဆောင်ပြီး Customer အနေနဲ့ ကောင်းမွန်မှန်ကန်တဲ့ဆုံးဖြတ်ချ်ကတွေချမှတ်နိုင်အောင်ကူညီပေးလေ့ရှိပါတယ်။

 

Rightful Possession

Fluxer တစ်ယောက်ဟာ Owner တစ်ယောက်ပဲဖြစ်ပါတယ်။ Owner တစ်ယောက်လို့ တွေးတောဆင်ခြင်မှသာ ကိုယ့်ရဲ့ Team တစ်ခုလုံးသာမက Company တစ်ခုလုံးလည်းပိုမိုတိုးတက်အောင်မြင်မှာဖြစ်ပါတယ်။ ထူးချွန်ထက်မြတ်တဲ့ Fluxer တစ်ယောက်ဟာ ရေရှည်မှာဆက်လက်တိုးတက်ဖို့အတွက်သာ တွေးတောကြံဆလေ့ရှိပြီး ရေတိုမှာအောင်မြင်တဲ့ရလဒ်ကို ရရှိဖို့အတွက် ရေရှည်အောင်မြင်မှုတစ်ခုကို ရင်းနှီးမှုပြုလုပ်ပြီးထိခိုက်နစ်နာမယ့်လမ်းကိုဘယ်တော့မှရွေးချယ်မှာမဟုတ်ပါဘူး။ ဒါ့အပြင် Company တစ်ခုလုံးတိုးတက်ဖို့အတွက် တာဝန်နဲ့ဝတ်တရားတွေကို ပါဝင်ထမ်းရွက်ကူညီလေ့ရှိပါတယ်။ ကိုယ့်အဖွဲ့တစ်ခုတည်းရဲ့အလုပ်တွေအပြင် Company တစ်ခုလုံးရဲ့အလုပ်တွေကိုလည်းကူညီလုပ်ကိုင်ပေးပြီး ဘယ်သောအခါမှ ” ဒါငါ့အလုပ်မဟုတ်ဘူး ” ဆိုတဲ့စကားမျိုးကိုတွယ်ကပ်ပြောမနေတဲ့သူလည်းဖြစ်ပါတယ်။

 

Create and Clarify

ထူးချွန်ထက်မြတ်တဲ့ Fluxer တစ်ယောက်ဟာ မတူညီတဲ့ Challenging တွေကြားထဲကနေ ဆန်းသစ်တီထွင်မှုတွေကိုအမြဲတွေးတောကြံဆနိုင်ပြီး တိုးတက်အောင်အမြဲစွမ်းဆောင်နိုင်တဲ့သူတွေလည်းဖြစ်ပါတယ်။သူတို့ဟာ ပြင်ပဗဟုသုတတွေကနေ သင်ယူလေ့လာဖို့အတွက် အမြဲရှာဖွေလေ့ရှိပြီး ပိုမိုတိုးတက်အောင် သင်ယူလေ့လာဖို့အတွက် စိတ်အားထက်သန်နေသူတွေလည်းဖြစ်ပါတယ်။

 

Are Accurate, Consistently

လုပ်ငန်းခွင်မှာ တစ်ကယ်ထူးချွန်ပြီးတဲ့ Fluxer တစ်ယောက်ဟာ ညွှန်ကြားတဲ့အတိုင်းနာခံလေ့ရှိပြီး မလွဲမသွေထူးချွန်စွာလုပ်ဆောင်လေ့ရှိပါတယ်။ ဒါ့အပြင်သူတို့ဟာ တိကျသေချာတဲ့ ဆောင်ရွက်မှုတွေ၊ အခြေနေအရပ်ရပ်အပေါ်လိုက်လျောညီထွေစွာပြုမူနိုင်မှုတွေ နဲ့အတူ မတူညီတဲ့ရှူ့ထောင့်ပေါင်းစုံကနေ တွေးတောဆင်ခြင်နိုင်ပြီး Open minded ဖြစ်စွာဆောင်ရွက်နိုင်ရပါမယ်။

 

Learn and Be Curious

Great Fluxer တစ်ယောက်ဟာ လေ့လာခြင်းသည် ဘယ်သောအခါမှအဆုံးမသက်ဘူးဆိုတာကိုနားလည်တဲ့သူတွေပဲဖြစ်ပါတယ်။သူတို့ဟာ အဆုံးမရှိသော စူးစမ်းလေ့လာချင်စိတ်နဲ့အတူ အသစ်သစ်သောအရာတွေကို ဆက်လက်လေ့လာပြီး အထူးချွန်ဆုံးသော Fluxer တွေဖြစ်အောင်အမြဲကြိုးစားလျက်ရှိပါတယ်။

 

Insist on the Highest Standards

Fluxer တွေဟာ သက်မှတ်ထားတဲ့ Goal တွေဆီကို ရောက်ရှိအောင်မဆုတ်မနစ်ကြိုးစားကြလေ့ရှိပြီး သူတို့သက်မှတ်ထားတဲ့ပန်းတိုင်တွေဆီရောက်ရှိသွားခဲ့တယ်ဆိုရင်တောင်မှ ကြိုးစားမှုကိုရပ်တန့်လေ့မရှိဘဲ ပိုမိုကောင်းမွန်တဲ့ပန်းတိုင်တွေဆီရောက်ရှိအောင်အမြဲကြိုးစားနေတဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာ အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) အသင်းအဖွဲ့တစ်ခုလုံးကို ထိပ်ဆုံးမှာပဲရပ်တည်နိုင်အောင် အစဉ်ဆက်မပြတ် တိုးတက်အောင်ကြိုးစားလေ့ရှိပြီး စိတ်ခွန်အားတွေလည်းပေးစွမ်းနိုင်သူတွေဖြစ်ပါတယ်။ဒါ့အပြင် အကောင်းမွန်ဆုံးသော ရလဒ်ရရှိအောင်ဂရုတစိုက်ကြိုးစားလေ့ရှိပြီး ပြဿနာတွေအတွက်လည်းအကောင်းမွန်ဆုံးဖြေရှင်းပေးနိုင်ဖို့စိတ်အားထက်သန်တဲ့သူတွေလည်းဖြစ်ပါတယ်။

 

Think Big

အမျှော်မြင်ရှိတဲ့ Fluxer တစ်ယောက်ဟာ ရည်မှန်းချက်ကြီးကြီးဖြင့် ပန်းတိုင်တွေကိုသတ်မှတ်လေ့ရှိပြီး ပန်းတိုင်တွေဆီရောက်အောင်လည်း ပြင်းပြသောစိတ်ဓာတ်နဲ့အတူအောင်မြင်အောင်သွားလေ့ရှိပါတယ်။သူတို့ဟာ စိန်ခေါ်မှုအသစ်တွေနဲ့အတူ Customers တွေလိုအပ်နေတဲ့ ဆန်းသစ်တီထွင်မှုအသစ်တွေကိုရှာဖွေလေ့ရှိပါတယ်။

 

Action-oriented

Fluxer တွေဟာ ကောင်းမွန်စွာစဉ်းစားပြီးမှ စွန့်စားလုပ်ဆောင်ရန် တိုက်တွန်းလေ့ရှိပြီး ရွေးချယ်မှုနှင့် လုပ်ဆောင်ချက်အများစုကို နောက်ပိုင်းမှသာစဉ်းစားလေ့ရှိပါတယ်။

 

Moderation

Fluxer တွေဟာနည်းနည်းပြောပြီး အလုပ်များများလုပ်လေ့ရှိကြပါတယ်။ လုပ်နိုင်စွမ်းတွေကိုတိုးတက်အောင်အမြဲချိန်ညှိလျက်ရှိပြီး တီထွင်ဆန်းသစ်မှုနဲ့အတူ အကောင်းဆုံးရလဒ်တန်ဖိုးအတွက် အမြဲစူးစိုက်လေ့ရှိပါတယ်။

 

Prove trustworthiness

ကောင်းမွန်ပြီး Effective ဖြစ်တဲ့ Fluxer တစ်ယောက်ဟာ စနစ်တကျအချိန်ပေးခြင်း၊ ရိုးသားစွာပြောဆိုဆက်ဆံခြင်းတို့ကိုဦးစားပေးလေ့ရှိပြီး Team members များကိုလည်းလေးစားစွာဆက်ဆံလေ့ရှိပါတယ်။သူတို့ဟာ အမှားတွေကိုအမြဲရိုးသားစွာဝန်ခံလေ့ရှိပြီး ကိုယ့်ကိုကိုယ်ပိုမိုတိုးတက်မှုရှိအောင်ကြိုးစားပြီး Team တစ်ခုလုံးကိုလည်းအကောင်းဆုံးနေရာရောက်ရှိအောင်စွမ်းဆောင်ပေးသူတွေဖြစ်ပါတယ်။

 

Get down to the nitty-gritty Of

Great Fluxer တစ်ယောက်ဟာ မျက်မှောက်အခြေအနေမှာဖြစ်ပေါ်နေတဲ့ အဖြစ်ပျက်မှန်သမျှကို အသေးစိတ်သိရှိနားလည်နိုင်ရပါမယ်။ဒါ့အပြင် Progress မှန်သမျှကိုစစ်ဆေးနိုင်ခြင်းနဲ့ Data and Personal Experiences ‌နှစ်ခုကြားကို ကောင်းမွန်စွာမေးခွန်းထုတ်ပြီးမေးမြန်းနိုင်ရမှာဖြစ်ပါတယ်။

 

Stand your ground: Voice your concern constructively

Fluxer တွေဟာ ခက်ခဲတဲ့ဘယ်လိုအခြေအနေမျိုးမှာမဆို အပြုသဘောဆောင်သော စကားလုံးမျိုးကိုပြောဆိုနိုင်ရမှာဖြစ်ပါတယ်။သူတို့ဟာ ခိုင်မာတဲ့ယုံကြည်ချက်တစ်ခုကို ကိုင်ဆောင်ထားပြီး သည်းခံစိတ်နဲ့အတူဆောင်ရွက်လေ့ရှိပါတယ်။

 

Make Progress

Great Fluxer တွေဟာ ကိုယ့်ရဲ့ Business တိုးတက်ဖို့အတွက်လိုအပ်ချက်တွေနဲ့ ဖြေရှင်းရမယ့် အပြစ်အနာဆာတွေကို စနစ်တကျရှာဖွေပြီးဖြေရှင်းလေ့ရှိပါတယ်။ဒါ့အပြင် အခက်ခဲများရှိနေရင်တောင် မဆုတ်မနစ်ကြိုးစားမှုနှင့်အတူ လုပ်ဆောင်ချက်များကိုအချိန်မှီပြီးမြောက်အောင်လုပ်ဆောင်တက်ကြပါတယ်။

 

Acquire and Cultivate Top Talent

Fluxer တွေဟာအဆက်မပြတ်သင်ယူလေ့လာခြင်းဖြင့်သာရှေ့ဆက်နိုင်တယ်လို့ယုံကြည်ကြသူတွေဖြစ်ပါတယ်။Fluxer တွေဟာ Coaching and Mentorship Program တွေကနေဖြင့်လည်း သင်ယူလေ့လာပြီး Developed ဖြစ်အောင်လုပ်နိုင်သူတွေဖြစ်ပါတယ်။ဒါ့အပြင် Career Develop ဖြစ်စေမယ့် Program တွေကနေ Potential ရှိတဲ့ Talent တွေကိုရှာဖွေပြုစုပျိုးထောင်ပေးပြီး Organization or Company ကို Impact ဖြစ်အောင်ပြုလုပ်ချင်သူတွေဖြစ်ပါတယ်။

Verified by MonsterInsights